ဒိုက်ဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

ဒိုက်ဦး မေ ၂၅

ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(၁)ဒိုက်ဦးအောင်ရတနာခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် အ.ထ.က(၁)ဒိုက်ဦး ကျောင်းသား/သူလေးများက မြန်မာ့ကျောင်းသီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ပေးပါသည်။

ဆက်လက်၍ မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ဆန်းဦးနှင့် မြို့နယ်ပညာရေးမှူးဒေါ်နော်ခရီစဲလ်ဒါတို့က အသီးသီးအမှာစကားပြောကြားခဲ့ပါသည်။

ယင်းနောက် နိုင်ငံတော်မှပံ့ပိုးလှူဒါန်းသည့် ပုံနှိပ်၊ ဗလာစာအုပ်နှင့်ဝတ်စုံများကို ကျောင်းများသို့လှူဒါန်းခြင်း၊ အ.မ.က(၁၀)ကျောင်းနှင့် အ.မ.က(ခွဲ)(၅)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများအား ဗိုလ်မှူးကြီးအောင်ကျော်ခိုင်နှင့် ဇနီးဒေါ်လှနုဖြူ မိသားစုတို့မှ ဗလာစာအုပ်ဒါဇင်(၁၀၀) လှူဒါန်းခြင်းအခမ်းအနား ဆက်လက်ကျင်းပပါသည်။

ထို့နောက် အ.ထ.က(၁)ဒိုက်ဦး ကျောင်းသား/သူလေးများက ဇာတိမာန်သီချင်းသီဆိုကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

မြို့နယ်(ပြန်/ဆက်)