နတ်မောက် မေ ၂၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာတွင် မိုးနှမ်းစိုက်ပျိုးနေမှုအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများသွားရောက်၍ ယမန်နေ့ နံနက်ပိုင်းက လက်တွေ့ကွင်းဆင်းပြီး တောင်သူ ပညာပေးဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းတိုးတက်စေရေးနှင့် မျိုးစိုက်စနစ်ဖြင့် သွင်းအားစုအသုံးပြုခြင်း၊ အပင်ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း၊ နည်းစနစ်မှန် လိုက်နာဆောင် ရွက်စေရေးတောင်သူများနှင့် ညှိနိုင်းဆွေးနွေးပြောကြားခဲ့သည်။
“ကျွန်မတို့အနေနဲ့ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ စိုက်ပျိုးခြင်း နှမ်းစိုက်တောင်သူများ မျိုးကောင်းမျိုးသန့်များစိုက်ပျိုးနိုင်ရန်။ တစ်ဧကအထွက်နှုန်းတိုးတက်လာရန်၊ ဝင်ငွေကောင်းလာစေရန် ဒေသတွင်းစားသုံးဆီဖူလုံစေရန် စတဲ့အကျိုးကျေးဇူးများကို တောင်သူတွေ ခံစားရစေလိုတဲ့ ရည်ရွယ်ချက်များနှင့် လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုကပြောသည်။
မူမူစန်း