မြဝတီမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်လျက်ရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများတွင် ယမန်နေ့နံနက်(၉)နာရီကစတင်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းကို စတင်ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသားမိဘများမှ ကျောင်းသား/ကျောင်းသူများအား လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းများ စတင်လက်ခံ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ် ကလေးသူငယ်များ အခြေခံပညာကို လက်လှမ်းမီ ပညာသင်ယူနိုင်ခွင့်ရရှိစေရေး အတွက် ယမန်နေ့နံနက်ပိုင်းစတင်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် (အခမဲ့) ကျောင်းအပ်နှံခြင်းအား သက်ဆိုင်ရာကျောင်းများတွင် စတင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပြည်နယ်ပြေးခုန်ပစ်အသင်းအား ထောက်ပံ့ငွေပေးအပ်

ပြေးခုန်ပစ်အားကစားနည်းဖြင့် ကရင်ပြည်နယ်၏ ဂုဏ်ကိုမြှင့်တင်ဂုဏ်ဆောင်ပေးနိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မေလ ၂၄ ရက်နေ့ နံနက် ၈ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ၂၀၂၃ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး U-18 ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ် ပြေးခုန်ပစ်အသင်းအား တွေ့ဆုံအားပေး၍ ထောက်ပံ့ငွေများပေးအပ်ရာတွင် ပြောကြားသည်။

ဗိုလ်မှူးချုပ်ကျော်ကျော်ဦး မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဌာနဆိုင်ရာရုံးများအား ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော တပ်မတော်(ရေ) ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည် ယနေ့နံနက် ၉ နာရီခွဲက မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဌာနဆိုင်ဆိုင်ရာရုံးများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ဗိုလ်ချုပ်စိုးနိုင်ဦးနှင့်တာဝန်ရှိသူများ သံတွဲမြို့အတွင်းရှိ မေတ္တာဝတီဘိုးဘွားရိပ်သာ၊ သာသနိကအဆောက်အအုံများအား ကြည့်ရှုစစ်ဆေးပြီး ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ရန်ရောက်ရှိနေသော ဗိုလ်ချုပ်စိုးနိုင်ဦးသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၈ နာရီ ၄၀ မိနစ်က သံတွဲမြို့ မေတ္တာဝတီဘိုးဘွားရိပ်သာသို့ရောက်ရှိပြီး ဘိုးဘွားများအား လှူဘွယ်ပစ္စည်းများလှူဒါန်းကာ အဆောက်အဦများပျက်စီး ဆုံးရှုံးမှုရှိ/မရှိ အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့်အဖွဲ့ဝင်များ လေးကန်ကျေးရွာအုပ်စုတွင် စားနပ်ရိက္ခာနှင့် အဝတ်အထည်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ရသေ့တောင်မြို့၌ မုန်တိုင်းသင့်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးကိစ္စများကို ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းနှင့်အဖွဲ့ဝင်များမှ ယမန်နေ့နံနက် ၁၁ နာရီက လေးကန်ကျေးရွာအုပ်စုရှိ လေးကန်ကျေးရွာနှင့် ပေါက်တောကြီးကျေးရွာများတွင် စားနပ်ရိက္ခာ၊ အဝတ်အထည်နှင့် အခြားအသုံးအ‌ဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ လယ်ဝေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် သဘာဝဘေးဒဏ်သင့်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။

ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့်အဖွဲ့  မြောက်ဦးမြို့ သာသနာလင်္ကာရ ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်များ ဆပ်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေသည် ယမန်နေ့ညနေပိုင်းက မြောက်ဦးမြို့နယ် သာသနာလင်္ကာရဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်၍ ဆွမ်းဆန်တော်များနှင့်လှူဖွယ် ဝတ္တုများ ဆပ်ကပ် လှူဒါန်းပေးခဲ့ကြသည်။

ကျောက်တော်မြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု စတင်လက်ခံလျက်ရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှုစတင်လက်ခံလျက်ရှိသည်။

ကျောက်တော်မြို့၌  နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား (အခမဲ့) ဆေးကုသပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၊မြို့နယ်ပြည်သူ့ဆေးကြီးတိုးချဲ့ဆောင်အတွင်း၌ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သော ဆေးကုသရေးအဖွဲ့သည် ယမန်နေ့နံနက် ၈ နာရီက အဆိုပါနေရာ၌ ဒေသခံပြည်သူများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
Subscribe to