မလှိုင်မြို့နယ်တွင် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်) ငွေတံဆိပ်ဆုရှင်နှင့် ပြိုင်ပွဲဝင်တို့အား ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ သောင်းသောင်းဖျဖျ ကြိုဆိုဂုဏ်ပြု

မလှိုင် အောက်တိုဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟိုအဆင့်) ငွေတံဆိပ်ဆုရှင်နှင့် ပြိုင်ပွဲဝင်တို့အား မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ ယနေ့နံနက်(၁၀)နာရီအချိန်က သောင်းသောင်းဖျဖျ ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်ထဲမှ “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးထမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” အတိုင်း နိုင်ငံတော်အစိုးရမှ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပခဲ့ကြောင်း၊ မိမိတို့အနေမြို့နယ်အနေဖြင့်လည်း ဘာသာရပ်အသီးသီးတွင် မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအဆင့်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အဘက်ဘက်မှ ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီးနောက် ဗဟိုအဆင့်သို့ အခြေခံပညာအဆင့် မဟာဂီတ(အမျိုးသား)(၁)ဦး၊ ခေတ်ဟောင်းကာလပေါ် (အမျိုးသား)(၁)ဦး၊ ဆိုင်းတစ်ဦးချင်း(အမျိုးသား)(၂)ဦး ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပြီး ဆိုင်းတစ်ဦးချင်း(အမျိုးသား)(၁)ဦး ငွေတံဆိပ်ဆု(ဒုတိယ)ရရှိခဲ့မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ဆုမရရှိသည့် ပြိုင်ပွဲဝင်များအနေဖြင့်လည်း နောက်နှစ်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိ အောင် ဆက်လက်ယှဉ်ပြိုင်သွားကြရန် ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးဌေးသန်း၊ ဦးအောင်ကျော်သူ၊ ဦးသိန်းဟန်၊ အတွင်းရေးမှူး ရဲမှူးသိန်းဇော်တို့မှ ငွေတံဆိပ်ဆုရှင်နှင့် ပြိုင်ပွဲဝင်စုစုပေါင်း(၄)ဦးတို့အား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်ဆောင်တို့အား ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင် အဆို(အမျိုးသား)(၂)ဦးမှ ပြိုင်ပွဲဝင်သီးချင်းများဖျော်ဖြေခဲ့ရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတို့မှ ဂုဏ်ပြုဆုငွေများ အသီးအသီးချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

အောင်ဌေး(မလှိုင်)