ဆိပ်ဖြူ အောက်တိုဘာ ၂၁
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ဒေသခံပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ယနေ့ နံနက် ၇နာရီက ဆိပ်ဖြူမြို့ပတ္တမြားဈေးအနီး ဗိုလ်ချုပ်လမ်းနှင့် ရတနာလမ်းဆုံ၌ ဖြန့်ဖြူးရောင်းချပေးသည်။
အဆိုပါလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကိုယ်တိုင်စိုက်ပျိုး၊မွေးမြူ ထုတ်လုပ်ရောင်းချသူများ ပူးပေါင်း၍ ဒေသခံပြည်သူများအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ အသား၊ ငါးများကို သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူစားသောက်နိုင်ရန်အတွက် ရည်ရွယ်၍ ရောင်းချပေးခြင်းဖြစ်ကြောင်းသိရှိရပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူနေမျိုးနှင့် အဖွဲ့ဝင်များက ဒေသခံပြည်သူများ ဈေးလာရောက်ဝယ်ယူခြင်းနှင့် ဈေးရောင်းချပေးနေမှု လုပ်ငန်းများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကိုဇွဲ (အညာမြေ)