ပေါက်ခေါင်းမြို့နယ်၌ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပေါက်ခေါင်း ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် သစ်တောဦးစီးဌာနမှ မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ၂၀၂၆ ခုနှစ်၊ ယနေ့နံနက်ပိုင်းက ဝက်တိုးကျေးရွာ၊ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ဝက်တိုးကျေးရွာမှ ဒေသခံပြည်သူ (၁၃၀)ဦး တက်ရောက်ခဲ့ပြီး မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသော်မော်ခန့်က မီးခိုးမြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ဆွေးနွေးပြောကြား၍ တက်ရောက်လာသူများအား မြို့နယ်သစ်တောဦးစီးဌာနမှ စွမ်းအားမြှင့်မီးဖို (၁၃၀)လုံး အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)