တာမွေမြို့နယ်၌ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို နိုဝင်ဘာလ ၁၂ ရက်နံနက်ပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ ပူးပေါင်း၍ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲယာယီရုံးခန်းမ၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။