သံတောင်ကြီးမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ်ဆေးခြင်း စာမေးပွဲ ဖြေဆို     

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှ (၂၆)ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ရာ စတုတ္ထနေ့ (ပထဝီဝင်) ဘာသာရပ်အား ယနေ့နံနက်(၉) နာရီအချိန်တွင် သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် Grade – 4 ၊ Grade – 6 ၊ Grade – 7 ၊ Grade – 8၊ Grade – 10 ၊ Grade – 11 ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။         

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး နံရံကပ်ပြဘုတ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

သန်းပေါင်းများစွာသော ကလေးများသည် အန္တရာယ်များသော အလုပ်များကို လုပ်ကိုင်နေကြရပြီး အလွဲသုံးစားပြုခြင်းနှင့် လုပ်အားခေါင်းပုံ ဖြတ်ခြင်းကိုလည်းခံနေကြရကြောင်း ဒေသနေပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများ သိရှိနိုင်စေရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ယမန်နေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်တွင် ထန်းကိုင်းကျေးရွာတွင်‌ ရွှေဖလားကြက်သွန်စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ထန်းကိုင်းကျေးရွာတွင် ရွှေဖလားကြက်သွန် စိုက်ပျိုးထားရှိမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေး ရွာများမှ ပြည်သူများအား အခမဲ့မျက်စိခွဲစိတ်ကုသပေးခြင်းနှင့် သားဖွားမီးယပ်၊ ကလေး၊ အထွေထွေရောဂါများ အထူးကုကွင်းဆင်းကုသပေးနေမှုများအား ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကန့်ဘလူတပ်နယ်မှူး၊ ကန့်ဘလူ ခရိုင်/မြို့နယ် ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ မြို့တော်ခန်းမတွင်ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ကန့်ဘလူမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများအား တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကြီးကြပ်၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ မျက်စိ၊ သားဖွားမီးယပ်နှင့် ကလေးအထူးကုဆရာဝန်ကြီးများ၊ အထွေထွေရောဂါကုဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများမှ အခမဲ့မျက်စိခွဲစိတ်ကုသခြင်းနှင့် အထူးကုကွင်းဆင်းကုသပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ ဆက်လက်ထုတ်ပေး

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  မြန်မာ့စီးပွားရေးဘဏ်၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် စတင်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် နွေစပါး(၁၉၉၈၀)ဧက စိုက်ပျိုးသွားမည်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊‌ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ရေရရှိရေး နည်းလမ်းများအလိုက် နွေစပါးသီးနှံ (၁၉၉၈၀)ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

သရက်မြို့၌ ဆေးရုံအထောက်အကူပြုအဖွဲ့အစည်းအဝေးနှင့် ဆေးရုံသုံးစက်ပစ္စည်းများ လှူဒါန်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဆေးရုံအထောက်အကူပြုအဖွဲ့အစည်းအဝေးနှင့် ဆေးရုံသုံး စက်ပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကို ယနေ့ န့နက်(၁၀) နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ကော့ကရိတ်မြို့တွင် တစ်နိုင်တစ်ပိုင် တံမြက်စည်းချောများ ပြုလုပ်ရောင်းချ၍ မိသားစုအပိုဝင်ငွေ ရရှိ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၂) ဝင်းကြီးကွက်သစ်အတွင်း နေထိုင်သူဒေသခံများသည် တောတောင်များနှင့် လမ်းဘေးဝဲယာများတွင် အလေ့ကျပေါက်ရောက်နေသော နတ်မျှားတံမြက်စည်းပင်များကိုချိုးယူ၍ တစ်နိုင်တစ်ပိုင် တံမြက်စည်းချောများ ပြုလုပ်ရောင်း ချနေထိုင်လျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ  ပြည်သူများ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ်ကင်းဝေးရေးနှင့် မီးလောင်ကျွမ်းမှုမဖြစ်ပေါ်စေရေး၊ မီးဘေးသတိရှိရေး စသည်တို့ကိုရည်ရွယ်ပြီး မီးဘေးအန္တရာကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ညနေ(၅) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်း၍ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to