ကယားပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ  အကောင်အထည်ဖော် ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့တော်လွိုင်ကော်အား စိမ်းလန်းသောမြို့၊ သန့်ရှင်းသောမြို့ဖြစ်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက်လွိုင်ကော်မြို့ ကန္ဒရဝတီဂေါက်ကွင်း၊ ထေးငှားလျားကန်၊ မြို့ပတ်လမ်းနှင့် အထင်ကရနေရာများတွင် စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့မွန်းလွဲပိုင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ကျင်းပရာ နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်  ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင်များဖြစ်သည့် ဦးမင်းဦး၊ ဦးဟန်သူ၊ ဦးခင်မောင်လတ်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် မြတ်ခရိုင်အတွင်း ဆောင်းသီးနှံ (မတ်ပဲ၊ အစေ့ထုတ် ပြောင်းနှင့် မြေပဲ) စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့နှင့်သဘာဝမြေဩဇာများ ပေးအပ်ပွဲ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ(၁၃)ရက် နံနက်ပိုင်းက မြိတ်မြို့ ပုလဲ ရတနာခန်းမတွင် မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ဆောင်းသီးနှံ (မတ်ပဲ၊ အစေ့ထုတ်ပြောင်းနှင့် မြေပဲ) စိုက်ပျိုး မည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့နှင့်သဘာဝမြေဩဇာများ ပေးအပ်ပွဲ တက်ရောက်သည်။

ပြည်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း လေ့ကျင့်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း လေ့ကျင့်ဆောင်ရွက်မှုကို နိုဝင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပုလဲသီတာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

တန့်ယန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များလားရှိုး(မယ်ဟန်) - မိုင်းရယ် - ကျေးသီး လမ်းဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်  လမ်းဦးစီးဌာန လမ်းအထူးအဖွဲ့ ၆ မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော လားရှိုး(မယ်ဟန်)-မိုင်းရယ်-ကျေးသီးလမ်း ပြုပြင်ထိန်းသိမ်းနေမှုများအား ယမန်နေ့နေ့လယ် (၁)နာရီ က ကြည့်ရှုစစ်ဆေးသည်။

(၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး လူငယ်စကားဝိုင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး လူငယ်စကားဝိုင်းကို နိုဝင်ဘာ ၁၃ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

ဖျာပုံမြို့ အ-ထ-က (၃)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် ထက်မြက်စေရန်၊ လူငယ်အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်၊လူကောင်းများဖြစ်လာစေရန်၊ စာ​ပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများဖြစ်လာစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ဆွေးနွေးပွဲကို ​ယနေ့နံနက်ပိုင်းအချိန်က ဖျာပုံမြို့နယ် အ-ထ-က (၃) ကျောင်း၊ မြမဥ္ဇူခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်၌ ဒုတိယအကြိမ်ရွေးကောက်ပွဲ မဲစာရင်းများမှန်ကန်တိကျစေရန် လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကာလအတွက် မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ နိုဝင်ဘာလ ၁၁ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် လူရည်ချွန်လူရွေးပွဲအတွက် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးရေး သရုပ်ပြရှင်းလင်းပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း လူရည်ချွန်လူရွေးပွဲအတွက် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးရေး သရုပ်ပြရှင်းလင်းပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်၌ ရွေးကောက်ပွဲမဲစာရင်းများ မှန်ကန်တိကျစေရန် လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကာလအတွက် မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်နှင့်အထက် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ ၁၁ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to