ပခုက္ကူမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်

ပခုက္ကူမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ် ပခုက္ကူ ဖေဖော်ဝါရီ ၂၄ ခရိုင်(ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၌ (၂၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ

နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက် မှ ၁၄ ရက်ထိ Virtual စနစ်ဖြင့် ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားသူကြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ/ ခရိုင်တရားသူကြီးများ၏ (၂၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနားကို ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၁ဝ နာရီက ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်အစည်းအဝေးခန်းမ၌ Virtual  ဖြင့် ကျင်းပသည်။

ပင်လောင်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ အသိပညာပေးရှင်းလင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေ အသိပညာပေးရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်း မိုလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်းအလိုက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ရရှိခဲ့သော ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု အားကစားသမားများ၊ အုပ်ချုပ်သူ/နည်းပြများအား ဂုဏ်ပြုပွဲကျင်းပပြုလုပ်

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်းအလိုက် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်ရရှိခဲ့သော ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများ၊ အုပ်ချုပ်သူ/နည်းပြများအား ဂုဏ်ပြုပွဲကျင်းပပြုလုပ်ခဲ့သည်။

နမ့်စန်မြို့ အမှတ်(၅)ကျေးရွာတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော၍ မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြလေ့ကျင့်မှု ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ဆောင်ရွက်သော မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ် (၅) ကျေးရွာအုပ်စု၊ အမှတ် (၅) ကျေးရွာဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးတင်ကိုကို၊ ကျေးရွာတာဝန်ခံ ဦးဝင်းရွှေနှင့် ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်တွင် ကျေးရွာစာကြည့်တိုက်အဆောက်အဦအသစ်ဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်းဖြင့် ဆောင်ရွက်သော နမ့်လင်းမိုင်ကျေးရွာစာကြည့်တိုက်ဖွင့်ပွဲကို ယမန်နေ့က ပင်းတောက်ကျေးရွာအုပ်စု၊ နမ်းလင်းမိုင်ကျေးရွာတွင်ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအ‌ရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုးဝေနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာနတွင် "စာဖတ်ခြင်းရဲ့အလေ့"ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်

ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာနတွင် "စာဖတ်ခြင်းရဲ့အလေ့"ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက် ဒက္ခိဏ ဖေဖော်ဝါရီ ၂၄ ခရိုင် (ပြန်/ဆက်)

ပင်းတယမြို့နယ်၌ လူကုန်ကူးမှု တားဆီးကာကွယ်နှိမ်နင်းရေး အသိပညာပေး Talk Show ပြုလုပ်

ပင်းတယမြို့နယ်၌ လူကုန်ကူးမှု တားဆီးကာကွယ်နှိမ်နင်းရေး အသိပညာပေး Talk Show ပြုလုပ် ပင်းတယ ဖေဖော်ဝါရီ ၂၄ မြို့နယ် (ပြန်/ဆက်)

ရေဦးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့အ.ထ.က(၁)၌ ယမန်နေ့နံနက် ၁ဝ နာရီက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။

နတ်တလင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ မြို့မရပ်ကွက်၊ ကံကြီးလမ်းရှိ နတ်တလင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီကပြုလုပ်ခဲ့ရာ နတ်တလင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများ၊ မြို့နယ်မီးသတ်ဦးစီးမှူးများတက်ရောက်ခဲ့သည်။
Subscribe to