သပိတ်ကျင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးခဲ့သည့် အိမ်ထောင်းစု(၂၅)စုအား ထောက်ပံ​ငွေပေးအပ်

သပိတ်ကျင်း မေ ၂၇

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်၍ ပျက်စီးခဲ့သည့် စမ္ပါယ်နဂိုရ်ကျေးရွာအုပ်စု၊အုံးပိုင်ကျေးရွာလူနေအိမ်(၂၅)လုံးမှ အိမ်ထောင်စုဝင်များအား ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများမှ ထောက်ပံ့ငွေများသွား​ ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာသို့ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင်ဗိုလ်မှူးဝင်းမြတ်သူ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဋ္ဌာန၊ ဦးစီးအရာရှိဒေါ်ဆုလှိုင်တင့်နှင့် တာဝန်ရှိသူများမှ သွားရောက်ခဲ့ပြီး ပျက်စီးဆုံးရှူံးခဲ့သည်အိမ်ထောင်စု(၂၅)စုအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးစုစုပေါင်း(၁၃၀၅၆၀၀)ကျပ်အား ထောက်ပံပေးအပ်ခဲ့ပြီး အမိုးလန်ပျက်စီးခဲ့သည့် (အ.ထ.က) စာသင်ကျောင်းအားကျောင်းဖွင့်ချိန်အမီ ပြန်လည်ပြုပြင်နိုင်ရေး တာဝန်ရှိသူများမှ စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်၏ မြောက်ဘက်(၁၆)မိုင်ခန့်အကွာ စမ္ပါယ်နဂိုရ်ကျေးရွာအုပ်စု၊ အုံးပိုင်ကျေးရွာတွင်(၂၅.၅.၂၀၂၃)နေ့ မွန်းလွဲတစ်နာရီခွဲအချိန်ခန့်က လေပြင်းများတိုက်ခတ်ပြီး လူနေအိမ်(၂၅)လုံးနှင့်(အ.ထ.က)စာသင်ကျောင်းတစ်ကျောင်း အမိုးများလန်ပြီး ပျက်စီးဆုံးရှူံးမှုများဖြစ်ပွားခဲ့သည်။

စိုးနိုင်ဝင်း ပြန်/ဆက်)