ကြံခင်း မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၈) နာရီခွဲ အချိန်က ကြံခင်းမြို့ (အမှတ်-၁) ၊အခြေခံပညာအထက်တန်းကျောင်း အောင်ကျော်ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က အဖွင့်အမှာစကား ပြောကြားရာတွင် အနာဂတ် မျိုးဆက်သစ် ပညာတတ် လူငယ်/လူရွယ်များ ပေါ်ထွက်လာစေရေးအတွက် ရာနှုန်းပြည့် ကျောင်းအပ်နှံရေး ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားပြီးနောက်၊ မြို့နယ်ပညာရေးဦးစီးဌာန မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေးက ကျောင်းအပ်နှံရေးနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်များ၊ ပညာရေးဌာန၏ ရည်မှန်းချက်၊ ကျောင်းအပ်နှံရေးအတွက် ဆောင်ရွက်မှုလုပ်ငန်းများ နှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
ကြံခင်းမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပုံနှိပ်ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများနှင့် ကျောင်းဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကျောင်းစုများ ကိုယ်စား ကျောင်းသား/ သူများကို ပေးအပ်ခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပညာရေးမှူး ဒေါ်ဌေးဌေးနှင့် တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းအုပ် ဆရာကြီး/ ဆရာမကြီးများနှင့် ဆရာ/ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသား/သူ စုစုပေါင်း ( ၂၀၀ )ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)