ရမည်းသင်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ လူထုလှုပ်ရှားမှုမကျီးကုန်းကျေးရွာ၌ အရိပ်ရအပင်များစုပေါင်းစိုက်ပျိုးပွဲကျင်းပ

ရမည်းသင်း ဇွန် ၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်မကျီးကုန်းကျေးရွာအနီး အရိယာဝံသဘုန်တော်ကြီးဝန်၌အရိပ်ရ၊ ကြီးမြန်၊ ဒေသသစ်မျိုးအပင်များအား ဌာနဆိုင်များနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်းကာ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီခွဲအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။    

အဆိုပါ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ရမည်းသင်းမြို့အမှတ်(၃)စစ်အခြေခံတပ်၊ ဗိုလ်မှူးကြီးကျော်ဇင်ထက်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ထွန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ခရိုင်သစ်တောဦးစီးမှူး ဦးသိန်းသန်းထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမောင်ရွှေသိန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအရာရှိများနှင့်ဝန်ထမ်းများ၊

ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုစုပေါင်း(၂၅၀)ဦး တပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ မိုးရာသီလူထုစုပေါင်းသစ်ပင်စိုက်ပျိုးရာတွင် ကျွန်း(၅၀)ပင်၊ မယ်ဇလီ(၄၀)ပင်၊ ပိတောက်(၅၀)ပင်၊ ငုရွှေဝါ(၄၀)ပင်၊ ယင်းမာ(၄၀)ပင်၊ ငုစပ်(၅၀)ပင်၊ မဟော်ဂနီ( ၃၀)ပင်၊ စိန်ပန်း(၃၀ )ပင်နှင့် ယူကလစ်(၂၀ ) ပင် စုစုပေါင်း(၃၅၀)ပင်ကို သတ်မှတ်နေရာများတွင် တပျော်တပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)