မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေအခက်အခဲ ဖြစ်နေသည့်ပြည်သူများအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍သန့်ရှင်းသောသောက်သုံးရေ ရရှိရေးဖြန့်ဝေပေး

ရသေ့တောင်  ဇွန် ၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့်သောက်သုံးရေ အခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ ယနေ့နံနက်ပိုင်းက ရေသန့်စင်ကား IR9489 ဖြင့်သန့်ရှင်းသော သောက်သုံးရေများကို ရသေ့တောင်မြို့အရှေ့မြောက် ရပ်ကွက်နှင့်တောင်ရင်းတန်းရပ်ကွက်များအား ဖြန့်ဝေပေးခဲ့ပြီး၊ ရေသန့်စင်ကား IR9469 ဖြင့် သန့်ရှင်းသောသောက်သုံးရေများကို ရသေ့တောင်မြို့နယ်၊ အရှေ့တောင်ရပ်ကွက်၊ ချောင်းဝရပ်ကွက်များသို့ရေသန့်များအား ဖြန့်ဝေပေးခဲ့သည်။

ရသေ့တောင်မြို့နယ်အတွင်း နွေရာသီရေရှားပါးမှုကြုံနေရပြီး မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့်ရေကန်အများစုမှာ ဆားငံရေဝင်သွားခြင်းကြောင့် သောက်သုံးရေအခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။

ယခုအခါ ရသေ့တောင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးပြီး ရေသန့်စင်ကား(၂)စီးဖြင့် မြို့ပေါ်ရပ်ကွက်(၄) ကွက်ရှိ ပြည်သူများ၊ ယာယီနေရပ်စွန့်ခွာသူများ၊ ကျေးရွာ များနှင့် လေဘေးဒဏ်သင့်ပြည်သူများထံသို့ ၂၂-၅-၂၃ ရက်နေ့မှသောက်ရေများစတင်ဖြန့်ဝေခဲ့ရာ ယနေ့အချိန်ထိ ရေဂါလံပေါင်း (၁၁၄၈၇၅)ဂါလံကို အကျိုးပြုပြည်သူ (၁၆၅၁၆၃) ဦးတို့အတွက် ဖြန့်ဝေနိုင်ခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ရသေ့တောင် (ပြန်ဆက်)