လယ်ဝေး ဇွန် ၃
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများဖြစ်သည့် အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးကျေးရွာများ ပြန်လည်ထူထောင်ရေးအတွက် သက်ဆိုင်ရာဌာနများအလိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ လယ်ဝေးမြို့၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်( ၄၇) စက်မှုလယ်ယာစခန်းမှ အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦးးကျေးရွာတို့ရှိ တောင်သူများ၏ လယ်၊ ယာမြေများအား တောင်သူများက ကုန်ကျမည့် ဒီဇယ်ဆီစိုက်ထုတ်၍ ဌာနမှ ထွန်ယက်ရေး ဝန်ဆောင်ခအခမဲ့ဖြင့် ယမန်နေ့က စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)