ဒလ ဇွန် ၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ယနေ နံနက် ၈ နာရီအချိန်က မြို့နယ် ဌာနဆိုင်ရာများနှင့် ပြည်သူများပူးပေါင်းပြီး ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုသော အားဖြင့် စုပေါင်း အမှိုက်ကောက်သန့်ရှင်းရေး များကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ခံအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် ပြည်သူများပူးပေါင်းပါဝင်ကာ ချယ်ရီသင်္ဘောဆိပ်နှင့် ကမာကဆစ်ကူးတို့ ဆိပ်တို့တွင် ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ရေ၊မြေ၊လေထုညစ်ညမ်းခြင်းများ၊ ပတ်ဝန်းကျင်အလှနှင့် သန့်ရှင်းမှုကိုပျက်စီးစေခြင်းများ၊ ရေလမ်းကြောင်းပိတ်ဆို့ခြင်းနှင့်ရေနေသတ္တဝါများ သေဆုံးခြင်း၊ ပလတ်စတစ်ကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို ကာကွယ်ရန်ရည်ရွယ်၍ စုပေါင်း ပလတ်စတစ်အမှိုက်ကောက်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြပြီ ထွက်ရှိ ပလက်စတစ် အမှိုက်များအား စည်ပင်သာယာအမှိုက်ကားဖြင့် သယ်ယူ စွန့်ပစ်ခဲ့ကြသည်။
ဒလ (ပြန်/ဆက်)