မြန်အောင် ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဘုန်းတော်ကြီး ကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ ၂၀၂၃-၂၀၂၄ ပထမအကြိမ် အစည်းအဝေးကို ဇွန်လ ၃ ရက်နေ့ နေ့လယ် ၁ နာရီက မြန်အောင်မြို့ပရဟိတ မြို့ရွှေကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားကိုနမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန့်တော့ဖွင့်လှစ်ပြီး မြန်အောင်မြို့နယ် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဦးဥတ္တရဥာဏက ဘုန်းတော်ကြီးသင်ပညာရေး သင်ကြားလျက်ရှိသော (ဘက) ကျောင်းများ၏ ကျောင်းသား/ကျောင်းသူများ၊ သင်ကြားရေးဆရာဆရာမများ၏ လိုအပ်ချက်များကို ရှင်းလင်းမိန့်ကြားသည်။
ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ် သာသနာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက (ဘ/က) ကျေင်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး ပရဟိတမြို့ရွှေကျောင်း၊ သင်္ဂဇာကျောင်းဟောင်း၊ ရှားတော တာခွကျောင်း ဆရာတော်များက ကျောင်း၏လိုအပ်ချက်များမိန့်ကြားခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးအောင်မြင်စွာ ကျင်းပခဲ့သည်။
၂၀၂၃ -၂၀၂၄ ပညာသင်နှစ်တွင် မြန်အောင်မြို့နယ်၌ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ဘ/က) ပရဟိတမြို့ရွှေကျောင်း(မူလွန်)တွင် ကျောင်းသား/သူ(၁၉၉) ဦး၊ သင်္ဂဇာကျောင်းဟောင်း (မူလွန်) တွင် ကျောင်းသား/သူ(၆၉)ဦး၊ ရှားတော တာခွကျောင်း(မူလွန်)တွင် ကျောင်းသား/သူ(၇၂)ဦး၊ ဘုရားသုံးဆူအရှေ့ကျောင်းတွင် ကျောင်းသား/သူ (၃၉)ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မြန်အောင်
ဝင်းဗိုလ် (ပြန်/ဆက်)