ပြင်ဦးလွင် ဇွန် ၅
၂၀၂၃ ခုနှစ် ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ( World Environment Day ) အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ( ၉) နာရီက ပြင်ဦးလွင်မြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ ၊ ဆရာ / ဆရာမ များနှင့် ကျောင်းသား / ကျောင်းသူများ တက်ရောက်ကြသည် ။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းမှ အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ ပတ်ဝန်းကျင်ထိန်းသိမ်း ရေး လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းတင်ပြ၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ Video Clip အား ပြသခဲ့သည်။
ဆက်လက်ပြီး တာဝန်ရှိသူများက သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများဆု၊ စာစီစာကုံး၊ ပန်းချီ ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများနှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဆိုင်ရာ တက်ကြွလှုပ်ရှားသော အသင်းဆုများအား အသီးသီး ချီးမြှင့်ခဲ့ပြီးနောက် အမှတ်တရ စုပေါင်းဓါတ်ပုံ ရိုက်ကူး၍ ပြင်ဦးလွင်ခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၏ အသိပညာပေး လှုပ်ရှားမှု နံရံကပ်ပြဘုတ်များအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)