မုံရွာမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

မုံရွာမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ မုံရွာ ဇွန် ၆ ခရိုင် (ပြန်/ဆက်)

မိုးကုတ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်ရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို  ယနေ့နံနက် ၈ နာရီအချိန်က မိုးကုတ်မြို့၊  အားကစားကွင်း၌ သစ်ပင်(၃၅၀)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ် ပုဏ္ဏားကျွန်းမြို့နယ် ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများအား တွေ့ဆုံ၍ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်၊ မုန်တိုင်းသင့်ပြည်သူများအား ဒံပေါက်ထမင်းဘူးများ ပေးဝေလှူဒါန်း

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီတို့သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းတပ်နယ်ရှိ မုန်တိုင်းသင့် နယ်မြေခံတပ်ရင်းမှ အရာရှိ၊ စစ်သည်မိသားစုဝင်များအား တပ်နယ်ခန်းမ၌ ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြား၍ စားသောက်ဖွယ်ရာများ၊ လူးသုံးကုန်ပစ္စည်းများ၊ ဒံပေါက် ထမင်းဘူးများနှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ကော့ကရိတ်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးTalk show ပြုလုပ်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်း၌ ခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာသင်ယူကြမည့် အသက်(၅)နှစ်မှ အသက်(၁၈)အတွင်း ကျောင်းသား၊ ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

မြောက်ဦးမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ၂၀၂၃ ခုနှစ် ဇွန်လ(၅) ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို  ယနေ့နံနက် ၉ နာရီက ထမ္မရာဇ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးဟောင်း) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကမမောင်းမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနေ့ အထိမ်းအမှတ် မိုးရာသီအကြိုစု‌ပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကမမောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်က ကျင်းပသည်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ မြိတ်မြို့တွင်ကျင်းပ၍ ဒီရေတောပျိုးပင်များ စုပေါင်းစိုက်ပျိုး

၂၀၂၃ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ ဒီရေတောသစ်ပင်စိုက်ပျိုးပွဲကို မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ရွှေပေးကျေးရွာတွင် သစ်တောဦးစီးဌာနမှကြီးမှူး၍ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ပြီး ဗြူးအုပ်ဆောင်၊ ဗြူးခြေထောက်၊ သမဲ့ကြီးနှင့် လမုပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

မိုးကုတ်မြို့၌ အစိုးရနိကာယ်စာမေးပွဲဖြေဆိုနေသည့် သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား ကျန်းမာရေးစောင့်ရှောင်မှုများ ဆောင်ရွက်ပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် အစိုးရနိကာယ်စာမေးပွဲကို မိုးကုတ်မြို့ အောင်ချမ်းသာရပ်၊ မဟာမုနိဘုရားဝန်းအတွင်း၌  ဇွန်လ(၁)ရက်နေ့မှ (၅)ရက်နေ့အထိ ဖြေဆိုကျင်းပလျက်ရှိရာ

ထားဝယ်မြို့တွင် စီမံခန့်ခွဲမှုသင်တန်းနှင့်စာရင်းရေး၊ စာရင်းကိုင်သင်တန်းအမှတ်စဉ် (၁/၂ဝ၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း မြို့နယ်များရှိ သမဝါယမဦးစီးဌာနမှဝန်ထမ်းများနှင့် သမဝါယမအသင်း အမှုဆောင်၊ စာရင်းကိုင်ဝန်ထမ်း၊ အသင်းစာရင်းစစ်များ၏ သမဝါယမအသင်းများ လုပ်ငန်းပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းနှင့်စာရင်းရေး၊ စာရင်းကိုင်သင်တန်းအမှတ်စဉ်(၁/၂ဝ၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
Subscribe to