တောင်ငူမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

တောင်ငူ ဇွန် ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အခမ်းအနားအား ယနေ့နံနက် (၉) နာရီခွဲအချိန်က ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်မှ အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခေတ္တတာဝန်ခံ၊ ဦးစီးအရာရှိ ဒေါ်သီတာမြင့်တို့က ခရိုင်အဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ပထမဆုရရှိသည့် အ.ထ.က (ကေတု) နှင့် မူလွန် (ကြို့ကုန်း) ကျောင်းတို့မှ ကျောင်းအုပ်ဆရာကြီး များအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ (၃၅) ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အဖြစ် ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့ “Solutions to Plastic Pollutions” ဟူသော ဆောင်ပုဒ်နှင့်အညီ ပလတ်စတစ်ထုတ်လုပ်စွန့်ပစ်ခြင်း၊ ပလတ်စတစ်ညစ်ညမ်းမှု အန္တရာယ်များသိရှိစေရန် အသိပညာပေး ဗီဒီယိုခွေများ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဗီဒီယိုခွေ၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ Video Massage အား ပြသခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)