တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်

“ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ဟူသောဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်သည်။

မတ္တရာမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ၂၀၂၃-ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဇွန်လ ၅ရက်နေ့ နံနက် ၉နာရီ ၃၀မိနစ်အချိန်က အ.ထ.က (မတ္တရာ) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား တက်ရောက်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင် နှစ်၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှု လိုက်လံကြည့်ရှုအားပေး

ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်းကျင်နှင့် ထာဝစဉ်လှုပ်ရှားလည်ပတ်နေသည့် ဂေဟစနစ်များ ရရှိစေရန်အတွက် တာဝန်သိသိ၊ အသိတရားရှိရှိ စိတ်ဓာတ်ဖြင့် သဘာဝပတ်ဝန်းကျင်အား ပြည်သူများအနေဖြင့် တန်ဘိုးထားပြီး ထိန်းသိမ်းကြစေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃-ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ကျင်းပ

“များများလေ့ကျင့်၊ များများယှဉ်ပြိုင်၊ အောင်မြင်မှုပန်းတိုင်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ အားကစား ပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပပေးခြင်းဖြင့် အားကစားသမားများလေ့ကျင့်သားပြည့်ဝလာကာ ပြိုင်ပွဲအတွေ့အကြုံများရင့်ကျက်၍ အောင်မြင်မှုများရရှိလာနိုင်မည်ဖြစ် ကြောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့နံနက် ၈ နာရီခန့်က ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဖူးဆယ်ပြိုင်ပွဲ ဖွင့်ပွဲတွင် ပြောကြားသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ၂၀၂၃ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားသို့ တက်ရောက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က ပေါင်လင်းကျေးရွာအုပ်စု၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်‌ကျောင်း(ပေါင်လင်း)တွင် ကျင်းပပြုလုပ်သည်။

ကျောက်ဖြူမြို့၌ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့မှုကြောင့်  ထိခိုက်ပျက်စီးမှုများရှိသည့် ဘုန်းတော်ကြီးကျောင်းများ ပြန်လည်ပြုပြင်ပြီးစီးမှုအား ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးပြီး စားရေရိက္ခာများလှူဒါန်း

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့်တာဝန်ရှိသူများသည် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၌ ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးမှုများရှိသည့် ဘုန်းတော်ကြီးကျောင်းများ ပြန်လည်ပြုပြင်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စားရေရိက္ခာများလှူဒါန်းကာ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆိုင်ကလုန်းရှယ်တာ(Cyclone Shelter)များအား ကြည့်ရှုစစ်ဆေးခဲ့သည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နေ့လယ်(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to