ကျောက်တံတား ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် “တီဘီရောဂါ ကင်းဝေးဖို့အားလုံး လက်တွဲပါဝင်လို့ စက္ကန့်မနှေးဆောင်ရွက်စို့” ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဌာန မှဦးစီးဆောင်ရွက်သော တီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီတွင် အမှတ်(၃) ရပ်ကွက်ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး အောင်ဆန်းအမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးနှင့် ကျောက်တံတားမြို့နယ် ကျန်းမာရေးဌာနမှ ဆရာဝန်များက အထွေထွေရောဂါ ရှာဖွေကုသပေးခြင်း၊ တီဘီရောဂါလူနာ အသစ်ရှာဖွေကုသပေးခြင်းတို့ကို ခေတ်မီဓာတ်မှန် စက်ကြီးများဖြင့် ရှာဖွေ၍အထူးကု ဆရာဝန်ကြီးများက ကုသပေးမည်ဖြစ်ပြီး မကျန်းမာသောသူများ၊ အားနည်းနေသူများ၊ ရက်ရှည်ချောင်းဆိုးနေသူများ၊ တီဘီရောဂါ လူနာနှင့် အတူနေခဲ့ဖူးသူများ၊မိသားစုဝင်များ၊ ဆီးချိုသွေးတိုးရောဂါရှိသောသူများ၊ ကျန်းမာရေးစစ်ဆေးလို သူများကို မည်သူမဆို (အခမဲ့) ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
လှလှထွေး