ကျောက်တံတားမြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် လူငယ်နှင့်ရှေ့အနာဂတ်ခေါင်းစဥ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

ကျောက်တံတား ဇွန် ၆

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်နှင့်ရှေ့အနာဂတ်ခေါင်းစဥ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်တံတားမြို့နယ်ရုံးမှဒုတိယဦးစီးမှူး ဒေါ်အေးမြကြည်နှင့် စာရေးဆရာမ ညွန့်ညွန့် (ကလော)တို့က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည်လူငယ်တိုင်း၏အခန်း ကဏ္ဍသည်အလွန်အရေးပါ ကြောင်း၊ လူငယ်တိုင်းသည်နိုင်ငံ၏ လူသားအရင်းအမြစ် သယံဇာတများဖြစ်ကြောင်း၊ လူငယ်တို့၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်များကိုယ်တိုင်အားထုတ် ကြိုးစား ကြရမည်ဖြစ်ကြောင်း၊ ဖြစ်ပေါ်လာသည့်ခေတ်ရေစီးကြောင်းအရမနား မနေလုံ့လထား၍ ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်မှသာ အပြိုင်အဆိုင် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း၊ ကိုယ်တိုင်စွမ်းအားမထုတ်သရွေ့ မည်သည့် အရာမျှ မတိုးတက်ကြောင်း၊ “အလုပ်ဟူသမျှဂုဏ်ရှိစွ” ဟူသော ဆိုရိုးစကားရှိကြောင်း၊ ကိုယ်တိုင် အလုပ်လုပ်ဖို့အရည်အချင်း ပြည့်မီရန်သာလိုကြောင်း၊ တိုးတက်နေသောခေတ်တွင် အရည်အချင်း များပြည့်မီဖို့အွန်လိုင်းများ ကအထောက်အကူပေးလျက်ရှိသလို နည်းစနစ်မှန်မှန်ဖြင့် အသုံးပြုရန် လိုကြောင်း၊ နေ့စဥ်နေ့တိုင်းအချိန်ကို အကျိုးရှိစွာလုံ့လဝါယမစိုက်ထုတ်ပြီး အလေ့အကျင့် ကောင်းများပျိုးထောင်ပါက အောင်မြင်မှုပန်းတိုင်းကိုရောက် ရှိမည်ဖြစ်ကြောင်းစသည်ဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လှလှထွေး