သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ ကျင်းပ   

သဲကုန်း ဇွန် ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ အသိပညာပေးဆွေးနွေးပွဲကို သက်ဆိုင်ရာဌာနများပူးပေါင်း၍ ယနေ့နေ့လယ် ၁ နာရီက ရပ်ကွက်(၄)၊ ပေါက်တောရပ်ကွက်၊ ရွှေဘုန်းရှိန်ဓမ္မာရုံအတွင်း၌ အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။

 ရှေးဦးစွာ  သဲကုန်းမြို့နယ်အ​ထွေထွေမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်​​ရေးမှူးဦး​စော​ပြည့်စုံ​မှဒေသတွင်း  စိုက်ပျိုးရေး၊ မွေးမြူရေးများဖွံ့ဖြိုးတိုးတက်စေရေး၊  ကြဲခင်းစနစ်များမရှိစေရေး၊ စိုက်ခင်းစနစ်များဧက များစွာ​ဖြစ်​ပေါ်လာစေရေးအတွက် လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်စည်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအသိပညာပေး သွားရောက်ဆွေးနွေးလျက်ရှိရာ မိမိဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည်များကို ဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သက်ဆိုင်ရာဌာနများက မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးခဲ့ရာ အမျိုးသားမှတ်ပုံတင်ဥပဒေ အသိပညာပေးခြင်း၊ ​ကျေးရွာရပ်ဒေသအတွင်း ကုန်ထုတ်စွမ်းအားများ ဖွံ့ဖြိုးတိုးတက်စေရေး၊ မီး​​ဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ၊ မုန်တိုင်းအန္တရာယ်​​ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ​ဆောင်ရွက်ပေး​ခြင်း၊ လယ်ယာမြေလုပ်ကိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)အမည် ပြောင်းလဲလျှောက်ထားခြင်း၊ မြေခွန်စည်းကြပ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း စက်မှုလယ်ယာလုပ်ငန်းစဉ်များအား အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေး၊ ​​ သွေးလွန်တုပ်ကွေးနှင့်ပတ်သက်၍ အဘိတ်ခပ်ခြင်း၊ ဖုံးသွန်လဲစစ်လုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ ဆောင်ရန်ရှောင်ရန်များကိုရှင်းလင်း​​ပြောကြား​ခြင်း၊ ကျန်းမာ​ရေး​စောင့်ရှောက်မှုများဆောင်ရွက်​ပေး​ခြင်း၊ ကိုဗစ်ကာကွယ်​​ဆေးများထိုးနှံ​ပေးခြင်း၊ ဆည်မြောင်းဌာနမှ ရေပေးဝေမှုအခြေအနေများ၊ စားသုံးသူကာကွယ်ရေး၏ ဥပဒေနှင့်စားသုံးသူများအခွင့်အရေးစသည်တို့အား အသီးသီးအသိပညာဆွေးနွေး ဟောပြောခဲ့ကြသည်။

ထို့နောက် ဒေသခံတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ရာ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများက ပြန်လည်ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ တောင်သူ ၄၅ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)