ကျောက်တန်း ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် လူငယ်နှင့်စာရိတ္တ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျောက်တန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက ယနေ့အချိန်အခါသည် လူငယ်များအနေဖြင့် နည်းပညာဗဟုသုတများ၊ အတွေးအခေါ်များ၊ ဉာဏ်ရည်မြင့်မားပြီး ခေတ်မီတိုးတက်လာသည်နှင့်အမျှ ကိုယ်ကျင့်တရားနှင့်အကျင့်စာရိတ္တများပါ ကောင်းမွန်လာစေရန်ရည်ရွယ်ပြီး Book club အဖွဲ့ဝင် ဦးလှိုင်ဝင်းထွန်းနှင့်အတူ လူငယ်နှင့်စာရိတ္တအသိပညာပေး ဆွေးနွေးပွဲ Talk Show ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာ ဗဟုသုတရရှိအောင် လူငယ်များအတွက် အသိပညာပေးလုပ်ငန်းများကို အစဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)