နတ်မောက်မြို့၌ “စိတ်ဓာတ်ဖြူစင် လှပဝန်းကျင်”ခေါင်းစဉ်ဖြင့် အသိပညာပေး(Talk Show)ဆွေးနွေးပွဲ ကျင်းပ

နတ်မောက် ဇွန် ၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဇွန်လ ၆ ရက်နေ့နံနက် ၁၁ နာရီအချိန်က စိတ်ဓာတ်ဖြူစင် လှပဝန်းကျင် ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဉီးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်သိမ်းရေးအကြောင်း သိကောင်းစရာများဖြစ်သည့် လေထုညစ်ညမ်းမှုကြောင့် လူတို့တွင်ကင်ဆာအမျိုးမျို၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ၊ သွေးတိုး၊ နှလုံးနှင့် စိတ်ဖိစီးမှု စသည့် အကြောင်းအရာများကိုလည်းကောင်း၊ ဒေါ်မူမူစန်း(ရုပ်သံ-၃)က လေထုညစ်ညမ်းမှု အားလုံးမှလူတို့၏ ပယောဂကြောင့်ဖြစ်ပေါ်လာသည့် စက်ယာဉ်ယန္တရားအမျိုးမျိုး မောင်းနှင်မှု၊ မီးရှို့မှုအပါအဝင်လောင်ကျွမ်းမှုအမျိုးမျိုးတို့မှ ထွက်ပေါ်လာသည့် အန္တရာယ်ဖြစ်စေနိုင် မည့်ဓာတ်ငွေ့များ၊ ဓာထုပစ္စည်းများနှင့် အမှုန်အမွှားများကြောင့် လေထုညစ်ညမ်းမှုဖြစ်ပေါ်လာခြင်း ၊စွန့်ပစ်ပစ္စည်းအမျိုးမျိုး၊ ရေဆိုးနှင့်အမှိုက်များ၊ မြို့ပြနှင့် ကျေးလက်ဒေသလူနေမှုစနစ်များရှိ စက်မှု လုပ်ငန်းများမှထွက်လာသည့် စွန့်ပစ်ပစ္စည်းများကြောင့်ညစ်ညမ်းမှု၊ စက်များမောင်းနှင်မှုကြောင့် ထွက်ပေါ်လာသည့် အပူရှိန်ကြောင့်ပတ်ဝန်းကျင်လေထုနှင့် ရေထုအတွင်းအပူချိန်ပြောင်းလဲမှုစသည့် အကြောင်းအရာများကို အကျယ်တဝင့်အသိပညာပေးဆွေးနွေခဲ့သည်။ အဆိုပါ အသိပညာပေး(Talk Show)အစီအစဉ်များ ကိုရိုက်ကူး၍ နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၏ Facebook Page နှင့် We Love Natmauk Page တို့တွင်ဒေခံပြည်သူများ ကြည့်ရှု၍ အသိပညာများရရှိစေရန် တင်ဆက်ပေးလျက်ရှိသည်။

လှဝင်း