ကလေး ဇွန် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တိုင်းဒေသကြီးအစိုးရ၏ အစီအစဉ်ဖြင့် တန်ဖိုးသင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက်ပိုင်းက တောင်ဇလပ်ရပ်ကွက်၊ ဗန္ဓုလလမ်းတွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် ဆန်(၁)ပြည်၊ ဆီ (၁၀) ဆယ်သား၊ ကြက်ဥ (၅)လုံးတို့ကို စုစုပေါင်းတန်ဘိုး (၃၀၀၀)ကျပ်နှုန်းဖြင့် အထုပ် ၃၀၀ ကို နံနက် ၈ နာရီ အချိန်မှ စတင်၍ ရောင်းချပေးခဲ့ရာ အထူးဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသောကြောင့် ဝယ်ယူသူများမှာ ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။
ထို့သို့ရောင်းချပေးရာတွင် ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် တာဝန်ရှိသူများမှ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက် များနှင့်အညီ လိုက်နာမှုရှိစေရန်နှင့် ပြည်သူများ အေးချမ်းစွာ ဝယ်ယူနိုင်စေရန်အတွက် အနီးကပ်ကြီးကြပ်၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)