အမာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်

အမာ ဇွန် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မိုးဦးကျတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင် ကာကွယ်နိုင်ရေးအတွက်  အဘိတ်ဆေးထည့်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉) နာရီခွဲခန့်ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းကို သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခြင်ပေါက် ဖွားနိုင်သည့် ရေစည်၊ ရေအိုး၊ ရေကန်များ၊ ကားတာယာများအတွင်း အဘိတ်ဆေး ထည့်ပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်း ဦးဆောင် သော အမာမြို့ ပြည်သူ့ဆေးရုံမှ ဒေါက်တာအံ့မင်းခန့်၊ ကျေးလက်ကျန်မာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဦးအောင်မြင့်ဦးနှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စုပေါင်းဆောင်းရွက်ခဲ့ကြသည်။

ကျော်ကျော်အောင် (အမာ ပြန်/ဆက်)