ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းဆောင်ရွက်

ကြံခင်း ဇွန် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ဘက်ရဲမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်(Abate)ဆေးခတ်ခြင်း လုပ်ငန်း ကို ယမန်နေ့ နံနက်ပိုင်းက ဘက်ရဲမြို့ပေါ်ရှိ ကျောင်းများနှင့် ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့အဘိတ် (Abate)ဆေးခတ်ရာတွင်  အခြေခံပညာကျောင်းများ၌ စာသင်ကြားနေသော ကျောင်းသား/သူများ ခြင်ကြောင့်ဖြစ်ပွားနိုင်သော  သွေးလွန်တုပ်ကွေး ရောဂါနှင့်  ငှက်ဖျားရောဂါ အန္တရာယ်မှ ကင်းဝေးစေရန်နှင့် ရပ်ကွက်များအတွင်းရှိ နေအိမ်ခြံဝန်းများအတွင်း ပိုးလောက်လမ်းမှတစ်ဆင့် ခြင်ပေါက်ဖွားနိုင်ပြီး ရေတင်ကျန်နိုင်သော ဘူး၊ ခွက်များ၊ ရေပုံး၊ ရေအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ရေသိုလှောင်ကန်များ၊ ရေတိုင်ကီနှင့် ကျောက်စည်ပိုင်းများ၊ ရေအိုးများအား အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းများကို စုပေါင်း ဆောင်ရွက်ခဲ့ကြသည်။

အဘိတ် (Abate)ဆေးခတ်ခြင်းကို ဘက်ရဲမြို့အုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ ဘက်ရဲတိုက်နယ် ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းပြီး ဆောင်ရွက်ကြကြောင်း နှင့် မြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးလုပ်ငန်း အသိပညာပေးခြင်းကို အသံချဲ့စက်ဖြင့် နှိုးဆော်ဆောင်ရွက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)