စစ်ကိုင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေပေး

စစ်ကိုင်း ဇွန် ၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ဇွန်(၆)ရက် နံနက်ပိုင်းက ပါရမီရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ ကျောင်းသား/ ကျောင်းသူလေး များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ထိထိရောက်ရောက် ရှာဖွေဖော်ထုတ် (နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁)၌ ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)၊ မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင် တိုက်ဖျက်၊ မူးယစ်ကိုပစ် ပန်းတိုင်သစ်၊ စိတ်သစ် လူသစ် ဘဝသစ်၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းရင်း၊ မူးယစ်ဆေးဝါး တို့ရှောင်ရှား၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ အမျိုးသားမူးယစ် ဆေးဝါးထိန်းချုပ်ရေးမူဝါဒ စသည့် အကြောင်း အရာများ ပါရှိသည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား လူငယ် များ အသိပညာဗဟုသုတများ ရရှိနိုင်စေရန် နေ့ကြီး နေ့မြတ်များတွင် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်း၊ သုတ/ရသ စာအုပ်များ အခမဲ့ငှားရမ်းပေးခြင်း၊ အသိပညာပေး Talk Show များ ပြုလုပ်ဆောင်ရွက်ခြင်းနှင့် ပြပွဲ/ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက် ပေးနေလျက်ရှိကြောင်း သိရသည်။  

ဇော်မြင့်နိုင်