မိုးနဲမြို့နယ်၌ ၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်

မိုးနဲ ဇွန် ၉

၂၀၂၃-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၅ နာရီခွဲအချိန်က ထုတ်ပြန်ကြေညာခဲ့ရာ မိုးနဲမြို့နယ်အတွင်း ၄၈ ဒသမ ၉၈ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်အတွင်း မိုးနဲစာစစ်ဌာနနှင့် တုံဟုန်းစာစစ်ဌာန ၂ ခုတွင် ကျောင်းသား၊ ကျောင်းသူ ၉၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၄၈ ဦး အောင်မြင်ခဲ့‌ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)