တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ တောင်တွင်းကြီး ဇန်နဝါရီ ၁၆ အေးမိုးမိုးမြင့်၊ ချန်ထွန်းအောင်

သန်လျင်မြို့နယ်၌ စက်သုံးဆီဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

သန်လျင်ခရိုင် သန်လျင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးလိုက်လံစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက ဆောင်ရွက်ခဲ့သည်။

သန်လျင်မြို့ ကလေးစာဖတ်ခန်း၌ ကလေးများအား ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ကလေးများအား ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ပြုလုပ်ခဲ့ကြသည်။

ကျိုက်လတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ နှင့် နံရံကပ်စာစောင်များပြသ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို  ယမန်နေ့ နေ့လယ်ပိုင်းက အ.မ.က (ကျီးချောင်း)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သန်လျင်ခရိုင်၌ ခရိုင်အဆင့် လူရည်ချွန် စစ်ဆေးရွေးချယ်

သန်လျင်ခရိုင်၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ခရိုင်အဆင့် လူရည်ချွန် ရွေးချယ်ပွဲကို ယမန်နေ့ နံနက် (၉) နာရီတွင် သန်လျင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့များ အိမ်တိုင်ရာရောက် လိုက်လံချီးမြှင့်ပေးအပ်

နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၆ ခုနှစ်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဂုဏ်ထူးဆောင်ဘွဲ့ရရှိသည့် ပုဂ္ဂိုလ်များကို အခမ်းအနားဖြင့်ချီးမြှင့်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း အခမ်းအနားသို့ တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိသော ဘွဲ့ခံပုဂ္ဂိုလ်များအား ယမန်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက ဂုဏ်ထူးဆောင်ဘွဲ့များ လက်ခံရယူမည့် ကာယကံရှင်များနှင့် မိသားစုဝင်များ၏ နေအိမ်များထံသို့ သွားရောက်ချီးမြှင့်အပ်နှင်းကြသည်။

စစ်ကိုင်းမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသ

စစ်ကိုင်းမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ လုံခြုံမှုရှိစေပြီး မီးလောင်မှုအကြိမ်နှင့် ဆုံးရှုံးမှုတန်ဘိုးများ လျော့နည်းကျဆင်းစေရန်အတွက် မီးသတ်ဦးစီးဌာန၏ ဆောင်ပုဒ်ဖြစ်သည့် မိုးမှာလေ့ကျင့်၊ ဆောင်းမှာစစ်ဆေး၊ အကြံပေး၊ နွေမှာအသင့်ရှိရေးနှင့်အညီ ရပ်ကွက်၊ ကျေးရွာ များတွင် မီးသတိပေးဆော်သြခြင်း၊ တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မင်းလမ်း ရပ်ကွက်၊ Smart Queen စက်ချုပ်သင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့ သရုပ်ပြသခြင်း ဆောင်ရွက်ခဲ့သည်။
Subscribe to