စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာ‌ပေးဟောပွဲကျင်းပ

မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ     မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာ   အသိပညာပေးဟောပြောပွဲကို  ယမန်နေ့မွန်လွဲပိုင်းက စစ်ကိုင်းပညာရေးတက္ကသိုလ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ သင်ကြား၊ စီမံဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

မြစ်သားမြို့နယ်အတွင်းရှိ မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်အနီး မီးဘေးလုံခြုံ‌ရေးစစ်ဆေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ မဲရုံများနှင့်မဲရုံပတ်ဝန်းကျင်အနီး မီးလောင်မှုနှင့်မီးလန့်မှုများမဖြစ်ပွား စေရေး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းကို ဇန်နဝါရီ ၁၆ ရက်နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ စစ်ဆေး‌ဆောင်ရွက်သည်။

ပျော်ဘွယ်မြို့နယ် ဂွေးဇီးကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေး၊ စာပေဗဟုသုတ လေ့လာမှုတွင် ပိုမိုအားကောင်းလာစေရေးရည်ရွယ်သည့် လူငယ်စကားဝိုင်းကို ဇန်နဝါရီ ၁၆ ရက် နံနက် ၉ နာရီက ဂွေးဇီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပသည်။

မြိတ်တက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးဆက်သစ် တက္ကသိုလ်ဘောလုံးအားကစားသမားများ မွေးထုတ်ပေးနိုင်ရေးနှင့် ကျန်းမာကြံ့ခိုင်သောတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများဖြစ်စေရေးအတွက် ကျင်းပလျက်ရှိသော ဘာသာရပ် ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းက တက္ကသိုလ်အားကစားကွင်းတွင် ကျင်းပခဲ့သည်။

မြိတ်မြို့၌ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြော

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့က အမှတ်(၆)အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပသည်။

မြစ်သားမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေးအတွက် အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက မင်းကုန်းအခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား နယ်လှည့်စာကြည့်တိုက်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို အဆိုပါကျောင်းတွင် ဇန်နဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီက ကျင်းပသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များအနေဖြင့် ကလေးသူငယ်အခွင့်အရေးများနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်ပိုင်းက  ဆောင်ရွက်သည်။

ကြာအင်းဆိပ်ကြီးမြို့တွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့်ဝန်ထမ်းများ ကြိုတင်မဲဆန္ဒ မဲပေး

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း(၃)ကို ဇန်နဝါရီ ၂၅ ရက်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျင်းပသွားမည်ဖြစ်ရာ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးနှင့် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်စေရေးအတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက် ၉နာရီမှစတင်၍ ကြာအင်းဆိပ်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့၌ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

စဉ့်ကိုင်မြို့နယ် မုန့်ပေါင်းကျေးရွာ၌ အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၁၅ ရက် နံနက် ၁၀ နာရီက မုန့်ပေါင်းကျေးရွာရှိ ရွှေသရဖီခန်းမ၌ ကျင်းပသည်။

ပလောက်မြို့၌ မဲရုံတာဝန်ကျထမ်းဆောင်ကြရမည့် နိုင်ငံ့ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊  ပလောက်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အဖြစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၂၅)ရက်တွင် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအကူများ၊ နိုင်ငံ့တာဝန်ဖြင့် ခရီးသွားရန်ရှိသူများအား ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ ၁၅ ရက်နံနက်(၇)နာရီက အမှတ် (၁)ရပ်ကွက်ရှိ  မြို့မ ဘောလုံးအားကစားကွင်း၌ စတင်ဆောင်ရွက်သည်။
Subscribe to