ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် POLYTECHNIC UNIVERSITY (MAUBIN) မောင်မယ်သစ်လွင်ကြိုဆိုပွဲ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ရှိ POLYTECHNIC UNIVERSITY (MAUBIN)၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲနှင့် မောင်နယ်သစ်လွင်ကြိုဆိုပွဲအား ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် လက်ရက်ကန်းဒီဇိုင်း တီထွင်ဆန်းသစ်မှုနည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခ

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးစီမံကိန်း လက်ရက်ကန်းဒီဇိုင်း တီထွင်ဆန်းသစ်မှုနည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာများ ပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ်ခန့်လွင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ ဇနီးများ၊ ခေတ္တပြည်နယ်အစိုးရ အဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

ရွှေဘိုတက္ကသိုလ်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုတက္ကသိုလ်၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ရတနာသိင်္ဃခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဓနုဖြူမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)များ စစ်ဆေးခြင်းနှင့် INSTALLATION တပ်ဆင် အသုံးပြုခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီလ(၂၅)ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များ စစ်ဆေးခြင်းနှင့် INSTALLATION တပ်ဆင်အသုံးပြုခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ရွှေဟင်္သာကျောင်းတိုက် ဗိမာန်တွင် ပြုလုပ်ဆောင်ရွက်ကြောင်းသိရသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာ‌ပေးဟောပွဲကျင်းပ

မြန်မာနိုင်ငံမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ     မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းသိကောင်းစရာ   အသိပညာပေးဟောပြောပွဲကို  ယမန်နေ့မွန်လွဲပိုင်းက စစ်ကိုင်းပညာရေးတက္ကသိုလ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ သင်ကြား၊ စီမံဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

မြစ်သားမြို့နယ်အတွင်းရှိ မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်အနီး မီးဘေးလုံခြုံ‌ရေးစစ်ဆေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ မဲရုံများနှင့်မဲရုံပတ်ဝန်းကျင်အနီး မီးလောင်မှုနှင့်မီးလန့်မှုများမဖြစ်ပွား စေရေး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းကို ဇန်နဝါရီ ၁၆ ရက်နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ စစ်ဆေး‌ဆောင်ရွက်သည်။

ပျော်ဘွယ်မြို့နယ် ဂွေးဇီးကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေး၊ စာပေဗဟုသုတ လေ့လာမှုတွင် ပိုမိုအားကောင်းလာစေရေးရည်ရွယ်သည့် လူငယ်စကားဝိုင်းကို ဇန်နဝါရီ ၁၆ ရက် နံနက် ၉ နာရီက ဂွေးဇီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပသည်။

မြိတ်တက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးဆက်သစ် တက္ကသိုလ်ဘောလုံးအားကစားသမားများ မွေးထုတ်ပေးနိုင်ရေးနှင့် ကျန်းမာကြံ့ခိုင်သောတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများဖြစ်စေရေးအတွက် ကျင်းပလျက်ရှိသော ဘာသာရပ် ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းက တက္ကသိုလ်အားကစားကွင်းတွင် ကျင်းပခဲ့သည်။

မြိတ်မြို့၌ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြော

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့က အမှတ်(၆)အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပသည်။

မြစ်သားမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေးအတွက် အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက မင်းကုန်းအခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား နယ်လှည့်စာကြည့်တိုက်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို အဆိုပါကျောင်းတွင် ဇန်နဝါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီက ကျင်းပသည်။
Subscribe to