ကရင်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုဝင်ရောက်ယှဉ်ပြိုင်သည့် အခြေခံပညာကျောင်း(၁၀) ကျောင်းသို့ အမှိုက်ပုံးများလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်အတွင်း စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းဆောင်ရွက်ချက်တစ်ရပ်အနေဖြင့် အမှိုက်များခွဲခြားစွန့်ပစ်သည့်စနစ်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဇန်နဝါရီလ ၁၅ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆုဝင်ရောက်ယှဉ်ပြိုင်သည့် အခြေခံပညာကျောင်း(၁၀)ကျောင်းသို့ အမှိုက်ပုံးများ လွှဲပြောင်းပေးအပ်ခဲ့သည်။

တာမွေမြို့နယ်၌ ဆေးလိပ်ဆေးရွက်ကြီးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးများသုံးစွဲခြင်း၏ ဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပ

နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများအနေဖြင့် ဆေးလိပ်ဆေးရွက်ကြီးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးများအပါအဝင် မူးယစ်ဆေးဝါးအမျိုးမျိုးတို့၏ ကျေးကျွန်များ ဘဝမရောက်ရှိစေရေးနှင့် မူးယစ်ဆေးဝါးကြောင့် နိုင်ငံတော်၏ တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရေးအတွက်ရည်ရွယ်ပြီး သင်္ဃန်းကျွန်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ဦး‌ဆောင်စီစဉ်မှုဖြင့် တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုတို့ ပူးပေါင်းကျင်းပသော ဆေးလိပ်ဆေးရွက်ကြီးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးများသုံးစွဲခြင်း၏ ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင်​ ယနေ့မွန်းလွဲ ၂ နာရီက စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်သင်တန်းကျင်းပ

အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်းကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် (၂+၃+၄) စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး ကနောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျေးသီးမြို့၌ အသက်(၁၈)နှစ်ပြည့်ပြီးသည့် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားနိုင်ရန် လှည့်လည်နှိုးဆော်

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှ စတင်၍ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တတိယပိုင်းတွင်ပါဝင်သည့် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့ရှိ အသက်(၁၈)ပြည့်ပြီးသည့် မဲဆန္ဒရှင်ပြည်သူများမဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင် ရန် ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဖယ်ခုံမြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြိုတင်ဆန္ဒမဲလက်မှတ်များနှင့် မဲပုံးများ ထုတ်ဝေပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်‌နေ့တွင် ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအကူများ၊ နိုင်ငံတာဝန်ဖြင့် ခရီးသွားရန်ရှိသူများအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဇန်နဝါရီလ ၁၅ ရက်နေ့နံနက် ၈ နာရီတွင် ဖယ်ခုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဖယ်ခုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့‌ခွဲဥက္ကဋ္ဌ ဦးမောင်သင်က သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများထံတွင် ကြိုတင်ဆန္ဒမဲလက်မှတ်များ၊ မဲပုံးများ၊ စာရွက်စာတမ်းများ ထုတ်ဝေပေးလျက်ရှိကြောင်း သိရသည်။

စားအုန်းဆီဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စားအုန်းဆီဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မင်္ဂလာခန်းမ၌ ကျင်းပသည်။

မင်းဘူးမြို့၌ ရေထုအရည်အသွေး တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ဝန်းကျင်လေထုအရည်အသွေး တိုင်းတာမှုနှင့် ရေထုအရည်အသွေးတိုင်းတာမှု လုပ်ငန်းစီမံချက်အရ မင်းဘူးခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနရုံးက ရေထုအရည်အသွေးတိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက မြို့ဧရိယာအတွင်း ကွင်းဆင်းဆောင်ရွက်သည်။

မြဝတီမြို့တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ ကျောင်းသား လူငယ်များဗလငါးတန် ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ လူငယ်ရေးရာဟောပြောပွဲများကို လစဥ်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခွဲက အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to