မိုင်းဖြတ်မြို့နယ်၌ တောင်သူများအား မိုးစပါးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

မိုင်းဖြတ် ဇွန် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျိုင်းတုံခရိုင်ဘဏ်ခွဲမှ တောင်သူ(၃၆)ဦးအား မိုးစပါးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယမန်​နေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ မိုးစပါးသီးနှံ စိုက်ပျိုးစရိတ်ထုတ်ချေးပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က နိုင်ငံတော်မှ တောင်သူများအား စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် အထောက်အကူပြုစေရေးအတွက် ထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ကျိုင်းတုံခရိုင်ဘဏ်ခွဲ)မှ ခရိုင်မန်နေဂျာ ဦးကျော်လွင်အောင်က ချေးငွေထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်များ၊ ဧကအလိုက် ထုတ်ချေးပေးသည့် ချေးငွေနှုန်းထားများနှင့်  ပြန်လည်ပေးဆပ်ရမည့် ကာလများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ကျိုင်းတုံခရိုင်ဘဏ်ခွဲ)မှ ခရိုင်မန်နေဂျာ ဦးကျော်လွင်အောင်နှင့် ဝန်ထမ်းများက မိုင်းဖြတ်၊ နမ့်ကုန်း၊ နမ့်နန်း၊ တောညု၊ ဟွေရှိုအုပ်စုများရှိ တောင်သူ (၃၆)ဦးအား မိုးစပါးစိုက်ဧက တစ်ဧကလျှင် (၁၅၀၀၀၀)နှုန်းဖြင့် (၁၇၂)ဧကအတွက်  (၂၅၈)သိန်းကို  ထုတ်ချေးပေးခဲ့ပြီး အတိုးနှုန်းမှာ ၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

သန်းထွန်းအေး