အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(မိုးညှင်း)၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မိုးညှင်း  ဇွန်  ၁၀

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(မိုးညှင်း)၌ မြို့နယ်သစ် တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ၂၀၂၃ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၇)နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ စိုက်ပျိုးရာတွင် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်၊ သစ်တောပြုန်းတီးခြင်းမှ ကာကွယ် စေရန်နှင့် လေကောင်းလေသန့်များရရှိစေရန်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ သစ်ပင်စိုက်ပျိုးပွဲကို နှစ်စဉ်ကျင်းပလျက်ရှိရာ အဆိုပါ အခမ်းအနားတွင် စိုက်ပျိုးကြမည့် ပျိုးပင်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်က မိုးညှင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်း ထံလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း (မိုးညှင်း)မှ ကျောင်းအုပ်ကြီး ဒေါက်တာကျော်ကျော်မြင့် ထံလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။

ထို့နောက် သစ်ပင်စိုက်ပျိုးကြရာတွင် တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ကိုကိုဝင်းနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(မိုးညှင်း)မှ ကျောင်းအုပ် ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများက အမြင့်နှစ်ပေအထက်ရှိသော အရိပ်ရ နှစ်ရှည်အပင်များဖြစ်သည့် ကျွန်းပင် (၂၀၀)၊ ပျဉ်းကတိုးပင် (၁၅၀)၊ ခရေပင် (၅၀)၊ မန်ဂျာရှားပင် (၅၀)နှင့် ကံ့ကော်ပင် (၅၀) စုစုပေါင်းပျိုးပင် (၅၀၀)တို့ကို သတ်မှတ်နေရာများတွင် တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း(ပြန်/ဆက်)