လက်ပံတန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပွဲပြုလုပ်

လက်ပံတန်း ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ခြင်ကိုက်ခြင်းကြောင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျား ရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ဆင်တလင်းကျေးရွာအုပ်စု ဆင်တလင်းဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် လက်ပံတန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ တင်ဇော်ဝင်းနှင့် ကျေးလက်ကျန်းမာရေးမှူး ဆရာ/ဆရာမများက သွေးလွန်တုပ်ကွေး ရောဂါနှင့် ငှက်ဖျားရောဂါ ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားပြီး အခမ်းအနားတက်ရောက်လာကြသော ကျေးရွာနေ မိဘပြည်သူကလေးသူငယ် သက်ကြီးဘိုးဘွားများကို လိုအပ်သော ကျန်းမာရေး စောင့်ရှောက်ပေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)