သာပေါင်း ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် မြေဆီလွှာပြုပြင်ခြင်းလုပ်ငန်း (ထုံးထည့် သွင်းခြင်း) သရုပ်ပြပွဲကို ယနေ့ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အောင်တပ်ကျေးရွာအုပ်စု၌ ကျင်းပခဲ့ကြသည်။
တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် မြေဆီလွှာပြုပြင်(ထုံးထည့်သွင်းခြင်း) လုပ်ငန်းသရုပ်ပြပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး၊ ခရိုင်စိုက်တိုးမြှင့်ကော်မတီ အတွင်း ရေးမှူး ဦးဝင်းစိုးမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ မြို့နယ်စိုက်တိုးမြှင့်ကော်မတီ အတွင်းရေးမှူး ဦးမျိုးမြင့်လွင်က မိုးများသော ဒေသရှိ လယ်ယာ မြေများသည် မိုးရေကျရောက်ထိမှန်မှုများပြားမှုကြောင့် မြေအချဉ်၊ အငံကိန်း(PH Level) နိမ့်ကျ နေရခြင်းဖြစ်စဉ်ကြောင့် မြေချဉ်၊ အငံကိန်း မြင့်ပေးရန် ထုံးထည့်ပေးခြင်းအားဖြင့် မြေတွင်းရှိ အပင်များက လိုအပ်သော အစာအာဟာရများ စားသုံးနိုင် လာပြီးလျှင် သီးနှံများ စိုက်ပျိုးထွက်ရှိ ထုတ်လုပ်မှု တိုးတတ်မြင့်မားလာစေရန် မြေဆီလွှာဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သည့် ထုံးထည့်ပေးခြင်း ကြောင့် အကျိုးကျေးဇူး များသည့် လုပ်ငန်းဖြစ်ကြောင်းနှင့် တစ်ဧကလျှင် ထုံးပိဿာ (၁၀၀) သီးနှံ မစိုက်ပျိုးမီ(၁၄)ရက် ကြိုတင်ထယ်ထိုးဖျန်းပတ်ရမည်ဖြစ်ကြောင်း အသိပညာပေး ရှင်းလင်း ပြောကြားခဲ့ကြသည်။
ထို့နောက် အောင်တပ်ကျေးရွာအုပ်စု၊ အောင်တပ်ကျေးရွာနေ တောင်သူဦးကံမြင့်၊ ကွင်းအမှတ် (၆၈၃)၊ ဦးပိုင်အမှတ်(၂၅/၆)နှင့် တောင်သူ ဦးထွန်းထွန်းလေး၊ ဦးပိုင်အမှတ် (၃၅/၂)၊ ကွင်းအမှတ် (၆၈၃)တို့၏ လယ်ဧက(၂)ဧကပေါ်တွင် တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် တောင်သူများက မြေဆီလွှာ ပြုပြင်ခြင်းလုပ်ငန်း (ထုံးထည့်သွင်းခြင်း) လက်တွေ့သရုပ်ပြ ဖျန်းပတ်ခဲ့ကြပြီး တောင်သူများအား ထုံးပိဿာ(၁၀၀)ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်