သာပေါင်းမြို့နယ် ထန်းဇင်လှကျေးရွာအုပ်စု၌ ငါးသယံဇာတ၊ ရေသယံဇာတထိန်းသိမ်းရေး ဟောပြောပွဲကျင်းပ

သာပေါင်း  ဇွန်  ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၏ စီစဉ်မှုဖြင့် ထန်းဇင်လှကျေးရွာအုပ်စု၊ ထန်းဇင်လှ‌ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ရှိ ဩဘာဆောင်ခန်းမ၌ ရေသယံဇာတ၊ ငါးသယံဇာတတိုးပွားထိန်းသိမ်းစေရေး အသိပညာပေး ဟောပြောပွဲကို ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ အဖွင့်အမှာစကား ပြောကြားပြီး အဖွဲ့ဝင်(၂) ဦးကျော်တိုးမှ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များ၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးအရာရှိ ဦးမျိုးသိမ်းမှ ဒေသနေပြည်သူများ သားစဉ်မြေးဆက်ငါးစားသုံးနိုင်ရေး၊ ငါးထုတ်လုပ်မှုတိုးတတ်‌စေရေး၊ ငါးရစ်၊ ငါးသန်၊ လျှပ်စစ်ကျဥ်စက်၊ အဆိပ်ဆေးချ ငါးဖမ်းဆီးမှုမရှိစေရေးနှင့် ရေသယံဇာတ၊ ငါးသယံဇာတ တိုးတက်ထိန်းသိမ်းရေးလုပ်ငန်းများအား အသိပညာပေး ဆွေးနွေး၍ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး ရေလုပ်သားကြီးများမှ သိရှိလိုသည်များ မေးမြန်းရာ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်း သိရ သည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်