မော်လိုက်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲကျင်းပ

မော်လိုက် ဇွန် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်း က အသိပညာပေးဟောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ကလေးသူငယ်နှင့် မှုးယစ်ဆေးအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊  မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကျော်က မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများကို Projector ဖြင့် ပြသ၍ အကျယ်တဝင့်  ရှင်းလင်းဆွေးနွေးကြသည်။ ထို့နောက် ခရိုင်ပြန်/ဆက်မှ ထုတ်ဝေသော မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြ သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ကျော်နှင့် တပ်ဖွဲ့ဝင်များ၊ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး တက်ရောက် လာသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများ အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)