လောက်ကိုင် ဇွန် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသားများဖြင့် တွေ့ဆုံဆွေးပွဲ ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပညာရေးဖြင့် ရင်းနှီးမြှုပ်နှံရမှာဖြစ်တာကြောင့် ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကျောင်းသားများအားလုံး ပညာကိုအလေးထားသင်ယူကြိုးစားကြစေလိုကြောင်း အမှာစကားပြောကြားခဲ့ပြီး နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား(၃၁)ဦးအတွက် ကျောင်းဝတ်စုံများ၊ တစ်ရက်စာ ထမင်းစရိတ်ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်ပြီး နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးနိုင်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ လောက်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မိခင်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်အုပ်ကြီးဦးနိုင်ဦးနှင့် ဆရာများ ကျောင်းသားများ စုစုပေါင်းအင်အား(၆၀) ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။
ညိုညိုဝင်း(လောက်ကိုင်)