ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းတက်ရောက်နေမှုများနှင့် ပန်းခင်းစီမံချက် (၂)​ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုအား ကွင်းဆင်းကြည့်ရှု

ငပုတော ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂) ဦးသန်းဦးနှင့် တာဝန်ရှိသူများသည် ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းက ကုန်းကလေး ကျေးရွာ အုပ်စု၊ ကုန်းကလေးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ဇောင်းလျားကျွန်းတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာ ကျောင်းတက်ရောက်နေမှုအား ကြည့်ရှု အားပေးကာ ကျောင်းရှိ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပြီး  ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းရေးနှင့် လိုအပ်သည် များကို မှာကြားခဲ့ပြီး ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကြည့်ရှုကာ ရေရှည်တည်တံ့စွာ အသုံးပြုနိုင်ရေးနှင့် လိုအပ်သည်များကို မှာကြားခဲ့သည်။

ထို့နောက် ကုန်းကလေးကျေးရွာအုပ်စုတွင် ပန်းခင်း(၂) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးကာ တာဝန်ရှိ သူများအား လိုအပ်သည်များ မှာကြားပြီး ကျွန်းညိုကမ္ဘာလာအုပ်စု ဇရပ်ချောင်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း နှင့် သာခွေးချောင်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ကျောင်းတက်ရောက်နေမှုအား ကြည့်ရှုပြီး ကျောင်းပတ် ဝန်းကျင်အတွင်း လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)