မော်လမြိုင်ကျွန်းမြို့နယ်၌ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းတူးဖော်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၇) ရပ်ကွက် (၁၃) လမ်းအားနှင့် နေရှင်နယ်အခြေခံမူလတန်းကျောင်း ပတ်ဝန်းကျင်တွင် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ယနေ့န့နက်ပိုင်းက ရေနုတ်မြောင်း တူးဖော်ပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၃ခုနှစ်၊ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ကျိုက်လတ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်စေရေး၊ ပိုးလောက်လန်းများ ပေါက်ဖွားမှု မရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ပညာပေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြသည်။

နောင်ချိုမြို့နယ် အ.ထ.က-၁တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြာပွဲပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း MANAနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး‌နေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပညာဘူမိတက္ကသိုလ် University of Wisdom Land ၏ သုတဓမ္မဒီပလိုမာ Level 1 နှင့် 2 စာမေးပွဲ ပြင်ဦးလွင်မြို့ ဓမ္မသဟာယသာသနစင်တာအပါအဝင် တစ်နိုင်ငံလုံးရှိ စာဖြေဌာန (၃၂) ခု၌ တစ်ပြိုင်နက် ကျင်းပ

ပညာဘူမိတက္ကသိုလ် တက္ကသိုလ်သဘာပတိ ဆရာတော်ဘုရား ဒေါက်တာနန္ဒမာလာဘိဝံသ၏ လမ်းညွှန်ချက် ဩဝါဒများကို ခံယူလျက် တက္ကသိုလ်ပါမောက္ခချုပ် ဆရာတော်၊ ပါမောက္ခ မော်ကွန်းထိန်း ဆရာတော်များ၊ ပညာရေးအဖွဲ့ ဆရာတော်များနှင့် အနုဂ္ဂဟအသင်း၏ ပံ့ပိုးမှုများဖြင့် ပညာဘူမိတက္ကသိုလ် University of Wisdom Land ၏ သုတဓမ္မဒီပလိုမာ Level 1 နှင့် 2 စာမေးပွဲကို ယမန်နေ့ မွန်းလွဲ ၁၃ နာရီမှ စတင်၍ ပြင်ဦးလွင်မြို့ ဓမ္မသဟာယသာသနစင်တာ အပါအဝင် တစ်နိုင်ငံလုံးရှိ စာဖြေဌာန (၃၂) ခု၌ တစ်ပြိုင်နက်တည်း ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to