ခန္တီး ဇွန် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့် ရှောက်သည့် ဥပဒေပါ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ဒေသအတွင်းရှိ တိုင်းရင်းသားများသိရှိစေရန် ရည်ရွယ်၍ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ရပ်ရွာအခြေပြုအသက် မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားအား ဇွန်လ ၁၇ ရက်နေ့ နံနက် (၁၀) နာရီ အချိန်က ထွေ/အုပ် အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခန္တီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးဉာဏ်လွင်က အဖွင့်အမှာစကား ပြောကြားကာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဉီးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်ဇေယျာဦးက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာဝင့်မြတ်သီက နည်းဥပဒေများအား ရှင်းလင်းဆွေးနွေးခဲ့ကြပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူး ဒေါ်မူမူထွန်းက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့် ပတ်သက်သည်များအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင့်မြတ်သီက ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက် စစ်တမ်းလွှာပါ အကြောင်းအရာများအား ရှင်းလင်းခဲ့ပြီး စစ်တမ်းကောက်ယူခဲ့သည်။ အဆိုပါ အခမ်းအနားသို့ တိုင်းရင်း သားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ခဲ့ကြပြီး တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေ စာအုပ်များပေးအပ်ခြင်း၊ အမှတ်တရ လက်ဆောင်များ ပေးအပ်ခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)