ကျိုင်းတုံ ဇွန် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သဘာဝဘေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က သူနာပြု/သားဖွားသင်တန်းကျောင်း (ကျိုင်းတုံ)နှင့် ကျိုင်းတုံ ပညာရေးဒီဂရီ ကောလိပ်တို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်မောင်မာင်ဝင်းက သဘာဝဘေးကြုံတွေ့ပါက ထိခိုက်မှုအနည်းဆုံး ဖြစ်အောင် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များကို သူနာပြု/ သားဖွားသင်တန်းကျောင်း(ကျိုင်းတုံ)နှင့် ကျိုင်းတုံပညာရေးဒီဂရီကောလိပ်တို့မှ သင်တန်းသား၊ သင်တန်းသူတို့အား အသိပညာပေးဟောပြောပြီး ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)