ပျော်ဘွယ် ဇွန် ၁၉
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟော ပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက အခြေခံပညာ အထက်တန်းကျောင်းခွဲ (ရွှေပြည်ရန်နိုင်)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်နွဲ့က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါးနှင့်အန္တရာယ် ကာကွယ်ရေးနှင့် ပတ်သက်သည်များကို သိရှိထားပြီးဖြစ်သော်လည်း ယခုဟောပြောပွဲတွင် မိမိတို့ မသိရှိသေးသည့် အကြောင်းအရာများစွာ ပါဝင်သောကြောင့် သေချာစွာ မှတ်သားထားနိုင်ရေးကို ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက မူးယစ်ဆေးဝါအန္တရာယ် ကင်းရှင်းစွာ ဘဝနေထိုင်နည်းများအကြောင်းကို ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အပြန် အလှန် ရှင်းလင်းဆွေးနွေး ဟောပြောသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် ပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)