သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

သာစည် ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ပြည်သူများ မူးယစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာဗဟုသုတများရရှိပြီး မူးယစ်ဆေးဝါးကို ရှောင်ကြဉ်နိုင်ရန် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ဇွန် ၁၉ ရက် နံနက် ၁၀ နာရီခွဲက သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ကြောင်း သိရသည်။

အသိပညာပေး Talk Show တွင် သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးဇော်မင်းထွေး၊ မြို့နယ်မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အသင်းဥက္ကဋ္ဌ ဦးဝင်းအောင်(ဒုတိယရဲမှူးကြီးငြိမ်း)နှင့် အတွင်းရေးမှူး ဦးခင်မောင်ဝင်းတို့က   မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းရင်းများ၊   မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပတ်သက်ပြီး ကျောင်းသားလူငယ်များအား အသိပညာပေးဆောင်ရွက်ခဲ့မှုများ၊ မူးယစ်ဆေးဝါးအမျိုးအမည်များနှင့် ဆိုးကျိုးများကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။                   

 မြို့နယ်(ပြန်/ဆက်)