ပုဗ္ဗသီရိ ဇွန် ၁၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ပြခြင်းအစီအစဉ်ကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်၌ ပြုလုပ်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးငယ်များအား ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနီးကျွမ်းဝင်မှုရှိပြီး ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ ကြွယ်ဝစေရန်၊ နားထောင်မှုစွမ်းရည်များ တိုးတက်စေရန်နှင့်စာဖတ်ခြင်း ယဉ်ကျေးမှုတိုးတက် လာစေရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက်သို့ ကလေးငယ်များအား ဖိတ်ခေါ်ကာ စာဖတ်ပြခြင်းအစီအစဉ် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း” ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ ပြောကြားခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Online မှတစ်ဆင့် ပုံပြင်ဖတ်ပြခြင်းအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြည်သူ့စာကြည့်တိုက်သို့ မိသားစုအဆင့်မြင့်ကိုယ်ပိုင် မူလတန်းကျောင်းမှ ကလေးငယ်(၁၀)ဦးအား ဖိတ်ခေါ်၍ ပုံပြင်ဖတ်ပြခြင်းအစီအစဉ်ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်မြင့်(ပြန်/ဆက်