ဝါးခယ်မမြို့နယ်၌ တိရစ္ဆာန်အစာပင် နေဗီယာမြက်မျိုးစိုက်ပျိုး

ဝါးခယ်မ ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က တိရစ္ဆာန်အစာပင် နေဗီယာမြက်မျိုးစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် အာဟာရပြည့်ဝသော တိရစ္ဆာန်အစာပင်များ စိုက်ပျိုးသည့်စနစ်အရ ၂၀၂၃ ခုနှစ်၊ မိုးရာသီတိရစ္ဆာန် အစာပင်စိုက်ပျိုးခြင်းရက် သတ္တပတ်အစီအစဥ်အဖြစ် (၂၂.၆.၂၀၂၃) ရက်နေ့တွင် ဝါးခယ်မမြို့နယ်၊ တလိုင်းစုကျေးရွာရှိ တောင်သူဦးမောင်နီ၏ လယ်မြေ (၁) ဧကတွင် နေပီယာမြက်မျိုးများစိုက်ပျိုးခဲ့ကြောင်း၊ နေဗီယာမြက် စိုက်ပျိုးခြင်းဖြင့် လွှတ်ကျောင်းစနစ်မှ ခြံလှောင်အစာကျွေးစနစ်ဖြင့်‌ ဆောင်ရွက်နိုင်ကြောင်း၊ အစာရှားပါးချိန်တွင် အာဟာရကြွယ်ဝသော အစာအဖြစ်ကျွေးမွေးနိုင်ကြောင်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့်ဌာနမှလည်း နေဗီယားမြက်ပျိုးပင်များကို အခမဲ့ဖြန့်ဖြူးပေးလျက်ရှိကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာသူဇာဝင်း ထံမှသိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)