ညောင်တုန်းမြို့နယ်၊ ရွှေဟင်္သာကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ညောင်တုန်း ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ရွှေဟင်္သာကျွန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ၌ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မျိုးထက်က ယာဉ်စည်းကမ်း/လမ်းစည်းကမ်းနှင့် မှုခင်းကျဆင်းရေး အ‌ကြောင်းရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးစတင်စွဲလန်းရသည့် အကြောင်းအရင်းများ၊ မူးယစ်ဆေး၏ ဆိုးကျိုးများများစသည့် လူငယ်လူရွယ်များနှင့်ပတ်သက်သည့် လူငယ်ရေးရာ အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ချိုမီဇင်က စာသုံးသူများအနေဖြင့် သတိပြုလိုက်နာရမည့်အချက်များ၊ စားသုံးသူပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးများရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များစသည့် စားသုံးသူရေးရာအသိပညာပေး ‌အကြောင်းများကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါက်တာမြတ်ပွင့်ဖြူက တိရစ္ဆာန်များမှတစ်ဆင့် လူသို့ကူးဆက်တက်သောရောဂါများအကြောင်းနှင့်ဆောင်ရန်၊ ရှောင်ရန်များ၊ နွားနို့တိုက်ကျွေးရခြင်း အကြောင်းရာများကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေးနယ်လှည့် နံရံကပ်စာစောင်ပြသခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူလေးများအား နွားနို့တိုက်ကျွေးခဲ့ကြောင်းသိရသည်။ကြောင်းသိရသည်။

ထက်ဝေဖြိုး (ပြန်ဆက်)